ငါလည်းစစ်ရမှာ
22-Mar-2017ကလေးဆေးရုံ၏ ဓာတ်ခွဲခန်းတွင် ကောင်လေးတစ်ဦး ထိုင်စောင့်နေစဉ် ကောင်မလေးတစ်ဦး ငိုပြီး ဓာတ်ခွဲခန်းမှ ထွက်လာသည်။
ကောင်လေး - “ နင် ဘာလို့ငိုတာလဲ ”
ကောင်မလေး - “ သွေးစစ်မယ်ဆိုပြီး ငါ့လက်ထိပ်ကို အပ်နဲ့ဖောက်လို့ ”
ထိုအဖြေကိုကြားသည်နှင့် ကောင်လေးလည်း ရှိုက်ကြီးတင်ငင်ငိုတော့သည်။
ကောင်မလေး - “ နင်က ဘာလို့ငိုတာလဲ”
ကောင်လေး - “ ငါက အခုဆီးစစ်ရမှာ”
Credit : မာဂျေ ဆေးလောကမှ ဟာသများ